Sunday, March 31, 2013

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်မျိုးနွယ်စုများ မြန်မာဘက်သို့ ဆက်လက် ကူးပြောင်းလာ

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်မျိုးနွယ်စုများ မြန်မာဘက်သို့ ဆက်လက် ကူးပြောင်းလာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရန်ဂါမတီမြို့နယ်နှင့် ဘန်တရိုမြို့နယ်များမှ ရခိုင်မျိုးနွယ်စုဝင် မိသားစု ၁၆ စုသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံဘက်သို့ ပြောင်းရွှေ့ အခြေစိုက်ကြကြောင်း သိရသည်။ရန်ဂါမတီမြို့နယ် မူတီရာမှ မိသားစု ၅ စုနှင့် ပိန္နဲတောင်မှ မိသားစု ၅ စု၊ ဘန်တရိုမြို့နယ် ကျောက်တန်းရွာမှ မိသားစု ၆ စုတို့ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်မင်္ဂလာ နတလ စံပြကျေးရွာတွင် နေရာချထားပေးကြောင်း မောင်တောမြို့မှ ရဲတပ်ဖွဲ့ဝင်တဦးက
ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ရခိုင်မျိုးနွယ်စုများ ဖြစ်သော ဒိုင်းနက်၊ မြို၊ ခမီစသည့် လူမျိုးများသည် စီးပွားရေးအကျပ်အတည်း
နှင့် နိုင်ငံရေး စိုးရိမ်မှုများကြောင့်
မြန်မာနိုင်ငံသို့ ယခုနှစ်ဆန်းမှ စတင်ပြောင်းရွှေ့ ဝင်ရောက်လာကြရာ ၃ လအတွင်း တိုင်းရင်းသား မိသားစုပေါင်း ၂၅၀ ကျော် ကူးပြောင်းလာခဲ့ကြောင်း
သိရသည်။ မြန်မာ အစိုးရကပြောင်း
ရွှေ့ဝင်ရောက်လာသူများကို လယ်၊ အိမ်၊ ခြံ၊ နွားနှင့် အစားအသောက်များ ပံ့ပိုးပေးကြောင်း သိရှိရသည်။

ဧရာဝတီ
ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရန်ဂါမတီမြို့နယ်နှင့် ဘန်တရိုမြို့နယ်များမှ ရခိုင်မျိုးနွယ်စုဝင် မိသားစု ၁၆ စုသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံဘက်သို့ ပြောင်းရွှေ့ အခြေစိုက်ကြကြောင်း သိရသည်။ ရန်ဂါမတီမြို့နယ် မူတီရာမှ မိသားစု ၅ စုနှင့် ပိန္နဲတောင်မှ မိသားစု ၅ စု၊ ဘန်တရိုမြို့ နယ် ကျောက်တန်းရွာမှ မိသားစု ၆ စုတို့ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်မင်္ဂလာ နတလ စံပြကျေးရွာတွင် နေရာချထားပေးကြောင်း မောင်တောမြို့မှ ရဲတပ်ဖွဲ့ဝင်တဦးကပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ရခိုင်မျိုးနွယ်စုများ ဖြစ်သော ဒိုင်းနက်၊ မြို၊ ခမီစသည့် လူမျိုးများသည် စီးပွားရေးအကျပ်အတည်းနှင့် နိုင်ငံရေး စိုးရိမ်မှုများကြောင့်မြန်မာနိုင်ငံသို့ ယခုနှစ်ဆန်းမှ စတင်ပြောင်းရွှေ့ ဝင်ရောက်လာကြရာ ၃ လအတွင်း တိုင်းရင်းသား မိသားစုပေါင်း ၂၅၀ ကျော် ကူးပြောင်း လာခဲ့ကြောင်းသိရသည်။ မြန်မာ အစိုးရကပြောင်းရွှေ့ဝင်ရောက်လာသူများကို လယ်၊ အိမ်၊ ခြံ၊ နွားနှင့် အစားအသောက်များ ပံ့ပိုးပေးကြောင်း သိရှိရသည်။

ဧရာဝတီ

စစ်ဖြစ်နေပြီလို့ မြောက်ကိုရီးယားကြေညာ

30.03.2013

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ စစ်ဖြစ်နေတဲ့အနေအထားမှာ ရောက်နေပြီ လို့ ပြောကြားလိုက်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်က ဘယ်လိုပုံစံနဲ့ပဲ ရန်စစ နျူကလီးယား စစ်ပွဲဖြစ်တဲ့အခြေအနေအထိ ရောက်သွားလိမ့်မယ်လို့ သတိပေးသွားပါတယ်။

ကိုရီးယားနှစ်နိုင်ငံကြား ကိစ္စရပ်တွေကို စစ်ပွဲကာလစည်းမျဉ်းစည်းကမ်းတွေအရ ကိုင်တွယ်သွားမယ် လို့ မြောက်ကိုရီးယားရဲ့ အစိုးရသတင်းဌာနဖြစ်တဲ့ KCNA မှာ ဖော်ပြတဲ့ စနေနေ့က ကြေညာ ချက်ထဲမှာ ပြောထားပါတယ်။

တောင်ကိုရီးယားကတော့ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေရပ်တန့်ပစ်ပါ 
ို့  တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းသွားပါတယ်။ မြောက်ကိုရီးယားဘက်က ရန်စလာရင်လည်း တောင်ကိုရီးယား တပ်ဖွဲ့တွေက အပြည့်အဝ လက်တုံ့ပြန်မယ်လို့ ပြောသွားပါတယ်။

အမေရိကန်အိမ်ဖြူတော်က ဒီကြေညာချက်ကို အလေးအနက်ထားကြောင်း ပြောပါ ယ်။ မြောက် ကိုရီးယား ဟာ စစ်တိုက်မယ်လို့ ပြောခဲ့ဖူးတဲ့သာဓကတွေ ရှိပြီး စနေနေ့က ခြိမ်းခြောက်မှုကလည်း အဲဒီပုံစံတွေနဲ့ သွားတူတယ်လို့ အမေရိကန် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Caitlin Hayden ကပြောပါတယ်။

စနေနေ့ကပဲ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ပူးတွဲစက်မှုဇုံကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ တောင်ကိုရီးယားကသာ မြောက်ကိုရီးယားရဲ့ သိက္ခာကို ထိပါးအောင် ပြုမူမယ် ဆိုရင် နှစ်နိုင်ငံကို ခြားပေးထားတဲ့ စစ်မဲ့ဇုံမျဉ်းရဲ့ မြောက်ဘက်မှာတည်ရှိတဲ့ Kaesong စက်မှုဇုံကို ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောသွားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နိုင်ငံ အနောက်တောင်ပိုင်းက စစ်ရေးလေ့ကျင့်မှုတခုကို သွားရောက်ကြည့်ရှုစဉ်။ (မတ်လ ၁၄ ရက်၊ ၂၀၁၃)။

ဗွီအိုအေ (မြန်မာဌာန)
စစ်ဖြစ်နေပြီလို့ မြောက်ကိုရီးယားကြေညာ


30.03.2013

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ စစ်ဖြစ်နေတဲ့အနေအထားမှာ ရောက်နေပြီ လို့ ပြောကြားလိုက်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်က ဘယ်လိုပုံစံနဲ့ပဲ ရန်စစ နျူကလီးယား စစ်ပွဲဖြစ်တဲ့အခြေအနေအထိ ရောက်သွားလိမ့်မယ်လို့ သတိပေးသွားပါတယ်။

ကိုရီးယားနှစ်နိုင်ငံကြား ကိစ္စရပ်တွေကို စစ်ပွဲကာလစည်းမျဉ်းစည်းကမ်းတွေအရ ကိုင်တွယ်သွားမယ်လို့ မြောက်ကိုရီးယားရဲ့ အစိုးရသတင်းဌာနဖြစ်တဲ့ KCNA မှာ ဖော်ပြတဲ့ စနေနေ့က ကြေညာချက်ထဲမှာ ပြောထားပါတယ်။

တောင်ကိုရီးယားကတော့ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေရပ်တန့်ပစ်ပါလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းသွားပါတယ်။ မြောက်ကိုရီးယားဘက်က ရန်စလာရင်လည်း တောင်ကိုရီးယား တပ်ဖွဲ့တွေက အပြည့်အဝ လက်တုံ့ပြန်မယ်လို့ ပြောသွားပါတယ်။

အမေရိကန်အိမ်ဖြူတော်က ဒီကြေညာချက်ကို အလေးအနက်ထားကြောင်း ပြောပါ ယ်။ မြောက်ကိုရီးယားဟာ စစ်တိုက်မယ်လို့ ပြောခဲ့ဖူးတဲ့သာဓကတွေ ရှိပြီး စနေနေ့က ခြိမ်းခြောက်မှုကလည်း အဲဒီပုံစံတွေနဲ့ သွားတူတယ်လို့ အမေရိကန် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Caitlin Hayden ကပြောပါတယ်။

စနေနေ့ကပဲ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ပူးတွဲစက်မှုဇုံကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ တောင်ကိုရီးယားကသာ မြောက်ကိုရီးယားရဲ့ သိက္ခာကို ထိပါးအောင် ပြုမူမယ်ဆိုရင် နှစ်နိုင်ငံကို ခြားပေးထားတဲ့ စစ်မဲ့ဇုံမျဉ်းရဲ့ မြောက်ဘက်မှာတည်ရှိတဲ့ Kaesong စက်မှုဇုံကို ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ က ပြောသွားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နိုင်ငံ အနောက်တောင်ပိုင်းက စစ်ရေးလေ့ကျင့်မှုတခုကို သွားရောက်ကြည့်ရှုစဉ်။ (မတ်လ ၁၄ ရက်၊ ၂၀၁၃)။

ဗွီအိုအေ (မြန်မာဌာန)
Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>VOA<< Thank

99.6 % အကြမ်းဖက်သမားဟာ အစ္စလာမ္မစ် မဟုတ်ကြောင်း ဥရောပရဲတပ်ဖွဲ့ (Europol) ထောက်ပြ

အကြမ်းဖက်သမားအများစုဟာ အစ္စလာမ္မစ်တွေဆိုတာ မဟုတ်မှန် 

“မွတ်ဆလင်အားလုံးဟာအကြမ်းဖက်သမားမဟုတ်၊ သို့သော် အကြမ်းဖက်သမားအများစုဟာ မွတ်ဆလင်တွေဖြစ်တယ်” ဆိုတဲ့ လက်သုံးစကားဟာ အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးသူတွေ သုံးနေကြ ပေါ်ပြူလာစကားလုံးပေါ့။ ရှင်းရှင်း လင်း လင်း ပြောရရင်တော့ ဒါဟာ အချက်အလက်တွေအပေါ်တကယ်အခြေခံပြီး ပြောကြားတာနေမဟုတ်ပါဘူး။ FBI ရဲ့ တရား ဝင် ထုတ်ပြန်ချက်တွေ အရ US မှာဖြစ်တဲ့ အကြမ်းဖက်မှုတွေမှာ ၉၄% သော အကြမ်းဖက်သူတွေမှအပ ကျန်သူတွေသာ မွတ်ဆလင်တွေ ဖြစ်ကြပါတယ်တဲ့။ အမေရိကန်မြေပေါ်မှာ ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေကို ၁၉၈၀မှ ၂၀၀၅ အထိ မှတ် တမ်း ပြုစုဖော်ပြချက်တွေအရ ၆ ရာခိုင်နှုန်းသော အကြမ်းဖက်လုပ်ရပ်တွေသာ မွတ်ဆလင်တွေနဲ့  သက်ဆိုင်ပါတယ်။ ကျန်တဲ့ ၉၄% ထဲမှာတော့ ၄၂% ကို လက်တင်အမေရိကသားတွေ၊ ၂၄% ကို လက်ဝဲအစွန်းရောက်အဖွဲ့ဝင်တွေ၊ ၇% ကို ဂျူးအစွန်းရောက်တွေ၊ ၅% ကိုကွန်မြူနစ်တွေနှင့် ၁၆% ကိုတော့ အခြားအဖွဲ့တွေကျူးလွန်တာလို့ ခွဲထုတ်နိုင်ပါတယ်။

တစ်ဖက်ကိုကြည့်ကြည့်ကြရအောင်။ ဥရောပရဲတပ်ဖွဲ့ ဖြစ်တဲ့ ယူရိုပိုလ် (Europol) တရားဝင်ဝဘ်ဆိုက် မှ နှစ်စဉ် ထုတ်ပြန် နေ တဲ့ ဥရောပအကြမ်းဖက်မှုအနေအထားနဲ့ ဖြစ်စဉ် အစီရင်ခံစာတွေကို ၂၀၀၇၊ ၀၈၊ ၀၉ နှစ်အလိုက်ထုတ်ပြန်တာကို လေ့လာရင်လည်း အကြမ်းဖက်သမားအများစုက မွတ်ဆလင်တွေပါလို့ အထောက်အပံ့ဖြစ် တဲ့အနေအထားမရှိပါဘူး။ တစ်စုံတစ်ယောက်က ၂၀၀၇ ထက်အရင် ရီပို့ထ်တွေကို ရှာဖွေနိုင်မယ်ဆိုရင် လေ့လာချက်ထဲမှာ ထည့်သွင်း ဖော်ပြနိုင် အောင် ပေးပို့နိုင်ပါတယ်။

အထက်ပါရလဒ်တွေက ဘယ်လိုနည်းနဲ့မှ အကြမ်းဖက်သမားအများစုဟာ မွတ်ဆလင်တွေပါလို့ အထောက်အပံ့မဖြစ်ပါ။ အချက်အလက်တွေကို အနှစ်ချုပ်လိုက်ရင် ဥရောပမှာဖြစ်ပွါးခဲ့တဲ့ ၉၉.၆% သော အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကို မွတ် ဆလင် မဟုတ်သူတွေက ကျူးလွန်ခဲ့တာဖြစ်ပြီး ၈၄.၈% သော တိုက်ခိုက်မှုတွေကို ခွဲထွက်ရေးအုပ်စုတွေက ကျူး လွန်တာဖြစ်ပါတယ်။ လက်ဝဲဝါဒီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာဆိုရင် အစ္စလာမ္မစ်အုပ်စု တွေထက် ၁၆ ဆ ပိုများ နေပါသေးတယ်။ ၂၀၀၆ ကနေ ၂၀၀၈ အထိ တိုက်ခိုက်ခံရမှုတွေမှာ ၀.၄% သာ အစွန်းရောက် မွတ်ဆလင်တွေ ပြုလုပ်ခဲ့ တာလို့ သတ်မှတ်နိုင်ပါတယ်။

ဥရောပမှာ ဖြစ်ပွါးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဆိုင်ရာ တရားဝင်စာရင်း ဇယားတွေကို အောက်မှာ ဆက်လက် ဖော်ပြထား ပါ တယ်။

ရီပို့ထ်အရ ၂၀၀၈ခုနှစ်အတွင်းမှာ UK နိုင်ငံအတွင်းမှာ အစ္စလာမ္မစ်တိုက်ခိုက်မှုတစ်ခုရှိတာကို အပေါ်က ၂၀၀၈ ခုနှစ် စာ ရင်းဇယားမှာ ထည့်သွင်းမဖော်ပြထားပေမဲ့ အောက်က ဘားဂရပ်(ဖ) မှာတော့ ထည့်သွင်းတွက်ချက်ဖော်ပြထားပါတယ်။

အပေါ်က စာရင်းဇယားတွေကို ကြည့်လိုက်တာနဲ့ အကြမ်းသမားအများစုဟာ မွတ်ဆလင်တွေပါလို့ ဝါဒဖြန့်နေတာတွေ ဟာ ယုတ္တိမတန်ဘူးဆိုတာ လွယ်လွယ်ကူကူကောက်ချက်ချနိုင်ပါတယ်။ ဒါဟာအမှန်တရားစစ်စစ်ပဲဖြစ်ပါတယ်။၂၀၀၉ ခုနှစ် ယူရိုပိုလ်ရီပို့ထ် စာမျက်နှာ (၇) မှာ အောက်ပါ အတိုင်းအနှစ်ချုပ်ထားပါတယ်။

အစ္စလာမ္မစ်အကြမ်းဖက်တွေဟာ ကမ္ဘာနဲ့အဝှမ်းမှာ အကြီးအကျယ် ဖြစ်ပွါးနေတယ် ဆိုသော်လည်း အချက်အလက်တွေ အရတော့ EU အနေနဲ့ ၂၀၀၈ ခုနှစ် အတွင်းမှာ UK မှာ ဗုံးခွဲတိုက်ခိုက်မှု တစ်ကြိမ်သာ တိုက်ခိုက်ခံခဲ့ရပါတယ်။ ခွဲထွက်ရေး အကြမ်းဖက်သမားတွေသာ ဥရောပတစ်လွှားမှာ အဓိကအကြမ်းဖက်သူတွေ ဖြစ်ပါတယ်။

အဓိက အကြမ်းဖက်သမားတွေကတော့ စပိန်နှင့်ဖရန့်စ်က ဘက်စ်ခွဲထွက်ရေးသမားများ၊ ဖရန့်စ်မှ ကော်ဆီကန် ခွဲထွက် ရေးသမားများ ဖြစ်ပါတယ်။ ETA (ဘက်စ်ခွဲထွက်ရေးသမားများ) နှင့် FARC (ကိုလံဘီယာခွဲထွက်ရေးသမားများ) ကြားက ဆက်ဆံရေးအနေထားတွေက အီးယူအတွင်းက ခွဲထွက်ရေးသမားတွေဟာ အီးယူပြင်ပမှာ မိတ်ဆွေအဖွဲ့အစည်းတွေနဲ့ ပေါင်းကူး ဆက်ဆံမှုပြု လုပ်ရှာဖွေပါတယ်။ UK မှာတော့ အိုင်းရစ်ရှ်ခွဲထွက်ရေးသမားတွေဖြစ်တဲ့ RIRA နဲ့ CIRA တို့ဟာ အခြားလက်နက်ကိုင်အဖွဲ့တွေဟာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေကြူးလွန်လျှက်ရှိနေပါတယ်။

ဒီကနေ့ လက်ယာအစွန်းရောက်တွေရဲ့ လွှမ်းမိုးမှုဝါဒဖြန့်မှုတွေကြောင့် လူအများစုက အစ္စလာမ္မစ် အကြမ်းဖက်သမား ဆို သည်မှာ အနောက်ကမ္ဘာကို အဓိကခြိမ်းခြောက်နေသော အကြမ်းဖက်သမားများအဖြစ် အမြင်ရောက်နေကြတယ်။ တ ကယ်တမ်းကျတော့ အနောက်ကမ္ဘာက အစ္စလာမ္မစ်ကြမ်းဖက်သမားဆိုတာထက် တခြားသောအဖွဲ့အစည်းတွေက အ ကြမ်းဖက်မှုတွေ ပိုပြီးလုပ်ဆောင်နေကြပြီး အစ္စလာမ္မစ်တွေထက် အဆပေါင်းများစွာ ပိုမိုလုပ်ဆောင်နေကြတာပါ။ ဒါကို အ ခြားအဖွဲ့တွေရဲ့ အကြမ်းဖက်မှုကို မျက်ကွယ်ပြုပြီး အစ္စလာမ္မစ်တွေကို ပိုပြီးအာရုံစိုက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဝါဒဖြန့် နေကြတာဖြစ်ပါတယ်။ ဒါမှလည်း အကြမ်းဖက်သမားအများစုဟာ မွတ်ဆလင်တွေဆိုတဲ့ အနေအထားမျိုး ပြောလို့ဆိုလို့ ကောင်းမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် US မှာအကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ၆% ဥရောပမှာဆိုရင်တော့ တစ်ရာခိုင်နှုံးရဲ့တစ် ဝက်တောင်မပြည့်တဲ့ အစ္စ လာမ္မ္မစ်တွေရဲ့ တိုက်ခိုက်မှုတွေကို မတော်မတရားပုံကြီးချဲ့ပြီး လူထုကိုကြောက်လန့်အောင် ခြောက်လှန့်ပြီး မလိုလားအပ် တဲ့ အကြောက်တရားတွေ ဖြန့်ဝေနေတာဟာ လုံးဝကိုမဖြစ်သင့်တဲ့ ကိစ္စတစ်ခုဖြစ်ပြီး လူထုအနေနဲ့လည်း ဒါကိုထုတ်ဖော် ပြီး ပကတိအခြေအနေမှန်ကို သဘောပေါက်နားလည်ရန်ကြိုးစားသင့်ပါတယ်။

တကယ်တော့ အနောက်ဥရောပရဲ့ လူနည်းစုဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာ အကြမ်းဖက်သမား ဆိုတဲ့ ခေါင်းစဉ် တစ်ခုတင်ပြီး ဘာသာကွဲတွေရဲ့ အထင်အမြင်လွဲမှားမှု၊ အကြောက်တရားတိုးပွါးမှုနဲ့ ထိရှလွယ်မှုတွေ တိုးပွါးစေရုံ သက် သက်ပဲ ဖြစ်ပွါးစေတာပါ။ အစ္စလာမ်ဘာသာဝင်တွေ ဘက်ကလည်း အဲ့ဒီလိုမျိုး ရူးနှမ်းနှမ်းနဲ့ မဟုတ်မမှန် စွတ်စွဲပြောကြား ချက်တွေအပေါ်မှာ အချက်အလက်အမှန်တွေနဲ့ အဖြစ်မှန်တွေကိုအခြေခံပြီး ပြန်လည်ချေပပြောဆိုသင့်ပါတယ်။

Credit: ဖိုးသောကြာ
Source: MMSY

ဝန်ကြီးဌာနများ၏ အဆင့်မြင့်အရာရှိကြီးအချို့ တာဝန်မှ ရပ်စဲ၊ ဌာနလွှဲပြောင်းလိုက်

ခင်မျိုးသွယ် | စနေနေ့၊ မတ်လ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၁၂ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရ ဝန်ကြီးဌာနအချို့မှ အဆင့်မြင့် အရာရှိကြီးများအပါအဝင် အရာရှိ ၅၀ ကျော်ကို မတ်လ ၂၈ ရက်နေ့တွင် တာဝန်မှ ရပ်စဲကာ အငြိမ်းစားပေးလိုက်ပြီး အချို့ကို ဌာနလွှဲပြောင်း တာဝန်ပေးလိုက်ကြောင်း အစိုးရ ဌာနများနှင့် နီးစပ်သည့် အသိုင်းအဝိုင်း မှတဆင့် သိရသည်။

“မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းကိုင်ငန်းတွေမှာ လိုက်ပါ မဆောင်ရွက်နိုင်သူတွေကို အငြိမ်းစား ပေးလိုက်တဲ့ သဘောပါ။ ဝန်ကြီးဌာန ပေါင်းစုံက ညွှန်ကြားရေးမှူးချုပ်နဲ့ ဒုတိယ ညွှန်ကြားရေးမှူး အဆင့်တွေ အပါအဝင် စုစုပေါင်း ၅၂ ဦးကို အငြိမ်းစားပေးလိုက်တယ်လို့ ကြားပါတယ်။ Reform (ပြုပြင်ပြောင်းလဲ) လုပ်တာမျိုးပါ” ဟု အစိုးရဌာနနှင့် နီးစပ်သူ တဦးက ပြောကြားသည်။

ညွှန်ကြားရေးမှူးချုပ်အဆင့်မှ အငြိမ်းစားပေးခံရသူ ခြောက်ဦးနှင့် အထက် ရှိနေသည်ဟုဆိုသည်။

“စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် တဦးနဲ့ ညွှန်ကြားရေးမှူး တဦး၊ ပြည်တွင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ကာကွယ်ရေးဌာန တို့က ညွှန်ကြားရေးမှူး ၆ ဦးတို့ကို အလုပ်သမားဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ သမဝါယမဝန်ကြီးဌာနတို့ကို ပြောင်းရွှေ့ တာဝန်ထမ်းစေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထိုသို့ အဆင့်မြင့် အရာရှိများအား တာဝန်မှရပ်စဲခြင်းနှင့် ဌာနလွှဲပြောင်းလိုက်ခြင်းတို့နှင့် ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

အသွင်ကူးပြောင်းရေး တပ်မတော် ဦးဆောင်မှုကဏ္ဍကနေ ဆက်လက်ပါဝင်မယ်

ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ တပ်မတော်ဟာ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍကနေ ဆက်လက်ပါဝင်သွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။ နေပြည်တော်မှာ မတ်လ ၂၇ ရက် မနေ့ကကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒီကနေ့တိုင်းပြည်က ဒီမိုကရေစီခေတ်သစ်ဆီ လျှောက်လှမ်းနေရာမှာ တပ်မတော်က အမျိုးသားနိုင်ငံရေး မှာ ဦးဆောင်မှု ကဏ္ဍကနေ ပါဝင်သွားမှာဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံး လိုလားနေတဲ့ ဒီမိုကရေစီနည်း ကျ အုပ်ချုပ်ရေးလမ်းကြောင်း ခိုင်မာအားကောင်းရေးအတွက် မိမိတို့ဆက်လက်ချီတက်သွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်ဟာ ထာဝရငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်ကူညီနေတာဖြစ်ကြောင်း၊ အမျိုးသားသွေးစည်းညီညွှတ်ရေးနဲ့ အချုပ်အခြာတည်တံ့ခိုင်မြဲရေးမှာ တပ်မတော်ရဲ့ကဏ္ဍ အရေးကြီးကြောင်း၊ စစ်သည်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာရေး ဥပဒေတွေကိုလည်း လေးစားလိုက်နာကြရမှာဖြစ်ကြောင်း၊ တပ်မတော်ရဲ့သမိုင်းကြောင်းမှာ ဘယ်တုန်းကမှ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာမရှိခဲ့ကြောင်း၊ တပ်မတော် ဥပဒေစည်းမျဉ်းတွေအပြင် ဂျီနီဗါကွန်ဗန်းရှင်း ခေါ် နိုင်ငံတကာ သဘောတူညီချက်တွေကိုလည်း လိုက်နာနေပြီး၊ ဒါတွေကို တပ်မတော်သားတွေ သိရှိအောင်လည်း သင်ကြားပေးနေကြောင်း၊ စည်းကမ်းဖေါက်ဖျက်သူတွေကိုလည်း အရေးယူနေကြောင်း ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့တဲ့ တပ်မတော်ဖြစ်အောင် ကြိုးပမ်းဖို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာ့တပ်မတော် ခိုင်မာအားကောင်းအောင် တည်ဆောက်ရမှာဖြစ်ပြီး၊ ခေတ်မီလက်နက်တွေ တပ်ဆင်လေ့ကျင့်ရေး၊ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် အာဆီယံနိုင်ငံတွေနဲ့ စစ်ရေးဆိုင်ရာ အနီးကပ် ပူးပေါင်းဆောင်ရွက်ရေးတွေကိုလည်း ပြောကြားခဲ့ပါတယ်။ ဒီနှစ်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပထမဆုံးအကြိမ်အဖြစ် ဂျက်တိုက်လေယာဉ်တွေ၊ သံချပ်ကာကားတွေ၊ လေယာဉ်ပစ်အမြောက်တွေ ထည့်သွင်းပြသခဲ့သလို စစ်ရဟတ်ယာဉ်တွေက နိုင်ငံတော်အလံကို ပျံဝဲသယ်ဆောင်ပြီး အလေးပြုတဲ့ အစီအစဉ်ကိုပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။

အခမ်းအနားကို NLD ပါတီဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်လည်း အထူးဧည့်သည် အဖြစ် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး၊ စစ်ရေးပြကွင်း ပွဲကြည့်စင်ရှေ့ဆုံးတန်းမှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေလွင်နဲ့အတူ စစ်ရေးပြအခမ်းအနားကို ကြည့်ရှုခဲ့ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် ဖိတ်ကြားခဲ့တာနဲ့ပတ်သက်ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက

“တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကနေမှ ဖိတ်ကြားလို့ တက်တယ်လို့ပဲ ကျနော်တို့ မှတ်ယူပါတယ်၊ တပ်မတော်ရဲ့ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်းဖြစ်တယ်၊ နောက် တိုင်းပြည်အကျိုး အတွက် အမှန်တကယ်ဆောင်ရွက်ပေးနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ လည်း ဖြစ်တယ်ဆိုတဲ့ဟာလေးကတော့ အဓိကထားပါတယ်၊ အထူးသဖြင့်ကတော့ တပ်မတော်နဲ့ပူးပေါင်းမှ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်မယ်၊ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှုရမှသာလျှင် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက်သွားမယ်ဆိုတဲ့ အတွေးအခေါ် အယူအဆတွေရှိလို့ ယူဆရပါတယ်”

အခမ်းအနားကို လွှတ်တော်အသီးသီးက ရေးရာကော်မတီ ဥက္ကဋ္ဌတွေနဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း တပ်မတော်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ် သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ရာမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဦးတည်ချက်ကို နိုင်ငံရေးအင်အားစုအားလုံး၊ တပ်မတော်အပါအဝင် ပြည်သူတစ်ရပ်လုံး ရဲ့အင်အား နဲ့ နိုင်ငံသစ်တည်ထောင်ဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

Saturday, March 30, 2013

မောင်ငံဗလီတွင် လက်နက်များ ရှိသည့်သတင်း လုပ်ကြံဝါဒဖြန့်မှုမူ ဖြစ်ကြောင်း သတင်းစာရှင်းလင်း ပွဲပြုလုပ်

မော်လမြိုင်၊ ၂၉-၃-၁၃

အင်တာနက်စာမျက်နှာပေါ်တွင် အရေးကြီးသတင်း ဆိုပြီး မော်လမြိုင်မြို့၊ မောင်ငံဗလီသို့ နံနက်(၅)နာရီတွင် လက်နက်များ ပါဝင်သော အိတ်များတစ်ညလုံးထည့်သွင်းနေကြောင်းစသည့် သတင်းများ နှင့် စပ်လျဉ်း၍ ယနေ့နေ့လည်တွင် မော်လမြိုင်မြို့၊ မောင်ငံ လမ်းဆုံ ရှိ မြန်မာနိုင်ငံမော်လ၀ီအဖွဲ့ချုပ်၊ မွန်ပြည်နယ် အဖွဲ့ခွဲရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အဆိုပါ ထွက်ပေါ်နေသော သတင်းများသည် မဟုတ်မှန်ကြောင်းနှင့် ကောလဟာလများ သာဖြစ်ကြောင်း ပြော ဆိုခဲ့သည်။

ယင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမော်လ၀ီများအဖွဲ့ချုပ် (မွန်ပြည်နယ်အဖွဲ့ခွဲ) ဥက္ကဌဖြစ်သူ မော်လ၀ီ အဗ္ဗဒူရှကူးမှ မောင်ငံဗလီသို့ အဆိုပါကောလဟာလများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များမှ လာရောက်ကြည်ရှုစစ်ဆေးပြီးဖြစ်ကြောင်းနှင့် မဟုတ်မှန်သတင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ထို့နောက် မော်လ၀ီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးစိုးပိုင်မှ အများပြည်သူများ အထိတ်တလန့်ဖြစ်စေသော သတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ မဟုတ်မှန်ဟု အတည်ပြုပြီးဖြစ်ကြောင်း၊ ဈေးရှေ့တွင် မိသားစု ထမင်းဆိုင်ရှိခြင်းမှာလည်း မဟုတ်မှန်ကြောင်း၊ မွန်ပြည်နယ်မီဒီယာမှ မှုခင်းသတင်းထောက် ကိုအောင်သူ ဆိုသူမှာလည်း မရှိဟုပြောကြားကြောင်း၊ မောင်ငံဗလီသည် မောင်ငံ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်ရှိပြီး ထိုအုပ်ချုပ်ရေးမှူး ရုံးတွင်လည်း ညလုံးပေါက် လုံခြုံရေးများရှိကြောင်း စသည်များကို ရှင်းလင်းပြောဆိုခဲ့သည်။

သတင်းစာရှင်းလင်းပွဲအဆုံးသတ်တွင် ပြည်သူများကြားတွင် ဖြစ်ပွားနေသော မဟုတ်မမှန်သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများမှ မယုံကြည်ကြရန်နှင့် တည်ငြိမ်အေးချမ်းရေး အတွက် မိမိတို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

မော်လမြိုင်မြို့တွင် မဟုတ်မမှန် သတင်းများ ကောလဟာဟများ နှင့်ပတ်သက်ပြီး

ဟိတဓရဆရာတော်(မဟာမြိုင်ကျောင်း)-၀၉၄၉၂၄၄၂၄၁
ဦးဝိဇ္ဖာနန္ဒ(မြစေတီစာသင်တိုက်)-၀၉၄၂၂၅၂၇၀၂၃
ဦးနရိန္ဒ(ကျောက်ဆည်)မြစေတီစာသင်တိုက်-၀၉၄၉၈၀၀၈၃၀
ဦးပဏ္ဍတ(ရွှေပရိယတ္တိစာသင်တိုက်)-၀၉၇၃၇၆၀၂၁၄
ဦးပညာသာမိ(ဆင်ဖြူစာသင်တိုက်)-၀၉၇၃၇၉၀၃၂၂
ဦးဥတ္တမ(စိန်မမပါဋ္ဌိတက္ကသိုလ်စာသင်တိုက်)-၀၉၄၂၅၃၁၆၁၉၅

အယ်ဟဂ်ျ ဆရာဦးအုန်းသောင်း-၀၅၇ ၃၀၄၆၅/၀၉-၄၉၂၃၆၇၈၆
ပြည်နယ်အစ္စလာမ်ကောင်စီ ဥက္ကဌ ဦးစိုးလွင်-၀၅၇-၂၆၃၃၈
မွန်ပြည်နယ်(မအဖ)ဥက္ကဌ ဟာဂျီဦးတင်ဦး-၀၉၇၃၀၄၃၂၈၂
မွန်ပြည်နယ်(မအဖ)အတွင်းရေးမှူးဦးခင်မောင်မြင့်(တရားလွှတ်တော်ရှေ့နေ)-၀၉၈၇၀၀၇၄၉
ဦးစိုးပိုင်(မော်လ၀ီများအဖွဲ့)တွဲဖက်အတွင်းရေးမှူး-၀၉၄၉၈၀၀၇၃၀
ပြည်နယ်(မမလ)အဖွဲ့ ဥက္ကဌ ဦးတင်အောင် -၀၉၈၇၀၁၄၅၆
ပြည်နယ်(မမလ)အဖွဲ့ အတွင်းရေးမှူးဦးဘ၀င်း-၀၉၄၂၅၃၂၉၁၁၈
ဟာဂျီဦးမောင်အေးငွေဇင်ယော်မြို့မိ/မြို့ဖ-၀၉၄၄၉၂၄၉၃၂၀
ဦးစိန်တင်-၀၉၈၇၀၁၉၄၄
ဦးတင်ဦး-၀၉၇၃၀၄၃၂၈၂ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

Saturday, March 30, 2013

မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေ ကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထားသည့် ငွေကျပ်နှစ်သိန်းတန်ဖုန်းများ အား ထပ်မံသွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့အနေနှင့် တစ်လတစ်သောင်းနှုန်းဖြင့် ခြောက် လသွင်းထားကြောင်း၊ ယခုအခါ ယင်းငွေကို ဆက်လက်ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက “ဝမ်းသာလိုက်တာ၊ ခြောက်လပဲ သွင်းရသေးတယ်။ အခု ထပ်မသွင်း ရတော့ ဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများ မရှိစေရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန် ရှိကြောင်း သိရသည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ယင်းသို့ ဖြန့်ဖြူးရောင်း ချပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်း ချ ပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်းဝယ် ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက်ရောင်း ချမည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်တို့ကို မီဒီယာများမှတဆင့် စဉ် ဆက် မပြတ် အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အရ သိရသည်။

ခွန်းဆင့်ဆင့်မောင်
ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

Saturday, March 30, 2013


မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေ ကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထားသည့် ငွေကျပ်နှစ်သိန်းတန်ဖုန်းများအား ထပ်မံသွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့အနေနှင့် တစ်လတစ်သောင်းနှုန်းဖြင့် ခြောက် လသွင်းထားကြောင်း၊ ယခုအခါ ယင်းငွေကို ဆက်လက်ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက “ဝမ်းသာလိုက်တာ၊ ခြောက်လပဲ သွင်းရသေးတယ်။ အခု ထပ်မသွင်း ရတော့ ဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများ မရှိစေရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန် ရှိကြောင်း သိရသည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ယင်းသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်းဝယ် ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက်ရောင်း ချမည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်တို့ကို မီဒီယာများမှတဆင့် စဉ် ဆက် မပြတ် အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အရ သိရသည်။

ခွန်းဆင့်ဆင့်မောင်