Saturday, March 30, 2013

စံတော်ချိန် (The Standard Time Daily) နေ့စဉ်ထုတ်သတင်းစာကို ဧပြီလ (၁) ရက်နေ့တွင် စတင်ထုတ်ဝေမည်...

စံတော်ချိန် (The Standard TimeDaily) နေ့စဉ်ထုတ်သတင်းစာကို ဧပြီလ (၁) ရက်နေ့မှစပြီး ထုတ်ဝေမည့် မတ်လ (၂၉) ရက်၊ မနက်ပိုင်းကရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်၊ ချမ်းသာပလာဇာ၊ အပေါ်ဆုံးထပ်တွင်ကျင်းပသော စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာ၏ အယ်ဒီတာအဖွဲ့နှင့် သတင်းထောက်များ၊ ကာတွန်းပညာရှင်များ တွေ့ဆုံပွဲတွင် စံတော်ချိန်နေ့စဉ်သတင်းစာ၏ အယ်ဒီတာချုပ်ရဲကျော်ခေါင် (ဦးရဲမြင့်ဖေ)၏ ပြောကြားချက်အရ သိရသည်။ “ ဧပြီလ (၁) ရက်နေ့တွင် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေမည်ဖြစ်သည်။

" စံတော်ချိန် သတင်းစာတွင် သတင်းစာဆိုတာဘာလဲဆိုတာ စာဖတ်သူတွေ သိအောင်ရေးသားဖော်ပြမှာ ဖြစ်ပါတယ်။ ဥပမာသမ္မတမိန့်ခွန်းကို ဖော်ပြရာမှာ မိန့်ခွန်းအတိုင်းဖော်ပြမှာ မဟုတ်ဘဲ သတင်းစာ ရှုထောင့်က သမ္မတဘာပြောသလဲ၊ သမ္မတဘာလုပ်မှာလဲဆိုတာကို ဖော်ပြမှာပါ၊ ဒါ့အပြင် သတင်းစာကာတွန်းဆိုတာဘာလဲဆိုတာ သိရအောင် စံတော်ချိန်သတင်းစာရဲ့ မျက်နှာဖုံးမှာ တစ်ကွက်ကာတွန်းတွေဖော်ပြသွားမှာပါ၊ စပြီးထုတ်ဝေမယ့် ဧပြီလ (၁) ရက်နေ့ကစပြီး (၁၀) ရက်အတွင်း သတင်းစာကိုယ်စားလှယ်တွေကို အခမဲ့ ဖြန့်ချိသွားပါ့မယ်၊ စံတော်ချိန်သတင်းစာမှာ စာမျက်နှာ (၂၀) ပါရှိပြီး ဖြန့်ချိရေးဈေးနှုန်း(၁၃၅) ကျပ်နဲ့ နေ့စဉ် အစောဆုံး ဖတ်နိုင်အောင် ဖြန့်ချိမှာဖြစ်ပါတယ် " ဟု
အယ်ဒီတာချုပ်ဆရာရဲကျော်ခေါင်က ပြောကြားခဲ့သည်။ စံတော်ချိန်သတင်းစာကို ရန်ကုန်မြို့တွင် ရိုက်နှိပ်ပြီး တစ်ပြည်လုံးကို ဖြန့်ချိမည်။နောက်ပိုင်းတွင် မန္တလေးမြို့ ကိုယ်ပွားသတင်းစာတိုက်က တိုးချဲ့ရိုက်နှိပ်ဖြန့်ချိမည်ဖြစ်ကြောင်း သိရသည်။ သတ်မှတ်သတင်းအပုဒ်ရေပြည့် ပေးပို့သော သတင်းထောက်များကို မေလ (၁) ရက်နေ့ကစ၍ အခမဲ့ အိမ်အရောက် သတင်းစာပေးပို့ပေးမည်။

စံတော်ချိန်သတင်းစာကို ပုဇွန်တောင် မြို့နယ်ရှိ ချမ်း သာပလာဇာအပေါ်ဆုံးထပ်တွင် အယ်ဒီတာအဖွဲ့ ရုံးထိုင်၍ဖြန့်ချိမည်ဖြစ်ကြောင်း ဧပြီလ (၂) ရက်နေ့ မွန်းလွဲ (၂) နာရီတွင် ဗဟန်းမြို့နယ် ရှိ တော်ဝ င်နှင်း ဆီခန်းမ၌ စံတော်ချိန်သ တင်းစာ စတင်ထုတ်ဝေခြင်း စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနား ကျင်းပမည်ဖြစ်ပြီး သတင်းစာဖတ်ပရိသတ်များအနေဖြင့် စံတော်ချိန်သတင်းစာကို ဝေဖန် အကြံပြုနိုင်သည်။ ဧပြီလ (၁) ရက်နေ့တွင် ထုတ်ဝေခွင့်ရသော သတင်းစာများ မှာ ရွှေနိုင်ငံ သစ် ၊ခေတ်မိုးပြည်ထောင်စုနေ့စဉ်၊ အင်ပါယာ၊ The Messenger နောက် ဆုံးရနေ့စဉ်၊ မြန်မာနယူးဝိစ်၊ မဇ္ဈိမ၊ The Daily Eleven၊ စံတော်ချိန်၊ခေတ်သစ်နေ့စဉ်၊ ရန်ကုန် တိုင်း(မ်)၊ မြန်မာဓိက၊ ဒီလှိုင်း၊ ပြည်ထောင်စုအသံ၊ (၇)ရက်နေ့စဉ်သတင်းစာများဖြစ်ပြီး နှစ်ပေါင်း (၅၀) နီးပါးပုဂ္ဂလိက သတင်း
စာများနှင့် ဝေးကွာခဲ့ရာ ဧပြီလ (၁) ရက်နေ့တွင် ပုဂ္ဂလိက သတင်းစာများ၏ အရသာ ကို ပြန်လည်ခံစားခွင့်ရမည်ဖြစ်ကြောင်း အများပြည်သူများကစောင့်စားကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment