Saturday, March 30, 2013

မောင်ငံဗလီတွင် လက်နက်များ ရှိသည့်သတင်း လုပ်ကြံဝါဒဖြန့်မှုမူ ဖြစ်ကြောင်း သတင်းစာရှင်းလင်း ပွဲပြုလုပ်

မော်လမြိုင်၊ ၂၉-၃-၁၃

အင်တာနက်စာမျက်နှာပေါ်တွင် အရေးကြီးသတင်း ဆိုပြီး မော်လမြိုင်မြို့၊ မောင်ငံဗလီသို့ နံနက်(၅)နာရီတွင် လက်နက်များ ပါဝင်သော အိတ်များတစ်ညလုံးထည့်သွင်းနေကြောင်းစသည့် သတင်းများ နှင့် စပ်လျဉ်း၍ ယနေ့နေ့လည်တွင် မော်လမြိုင်မြို့၊ မောင်ငံ လမ်းဆုံ ရှိ မြန်မာနိုင်ငံမော်လ၀ီအဖွဲ့ချုပ်၊ မွန်ပြည်နယ် အဖွဲ့ခွဲရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အဆိုပါ ထွက်ပေါ်နေသော သတင်းများသည် မဟုတ်မှန်ကြောင်းနှင့် ကောလဟာလများ သာဖြစ်ကြောင်း ပြော ဆိုခဲ့သည်။

ယင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမော်လ၀ီများအဖွဲ့ချုပ် (မွန်ပြည်နယ်အဖွဲ့ခွဲ) ဥက္ကဌဖြစ်သူ မော်လ၀ီ အဗ္ဗဒူရှကူးမှ မောင်ငံဗလီသို့ အဆိုပါကောလဟာလများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များမှ လာရောက်ကြည်ရှုစစ်ဆေးပြီးဖြစ်ကြောင်းနှင့် မဟုတ်မှန်သတင်းဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ထို့နောက် မော်လ၀ီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးစိုးပိုင်မှ အများပြည်သူများ အထိတ်တလန့်ဖြစ်စေသော သတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ မဟုတ်မှန်ဟု အတည်ပြုပြီးဖြစ်ကြောင်း၊ ဈေးရှေ့တွင် မိသားစု ထမင်းဆိုင်ရှိခြင်းမှာလည်း မဟုတ်မှန်ကြောင်း၊ မွန်ပြည်နယ်မီဒီယာမှ မှုခင်းသတင်းထောက် ကိုအောင်သူ ဆိုသူမှာလည်း မရှိဟုပြောကြားကြောင်း၊ မောင်ငံဗလီသည် မောင်ငံ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်ရှိပြီး ထိုအုပ်ချုပ်ရေးမှူး ရုံးတွင်လည်း ညလုံးပေါက် လုံခြုံရေးများရှိကြောင်း စသည်များကို ရှင်းလင်းပြောဆိုခဲ့သည်။

သတင်းစာရှင်းလင်းပွဲအဆုံးသတ်တွင် ပြည်သူများကြားတွင် ဖြစ်ပွားနေသော မဟုတ်မမှန်သတင်းများနှင့် ပတ်သက်ပြီး ပြည်သူများမှ မယုံကြည်ကြရန်နှင့် တည်ငြိမ်အေးချမ်းရေး အတွက် မိမိတို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

မော်လမြိုင်မြို့တွင် မဟုတ်မမှန် သတင်းများ ကောလဟာဟများ နှင့်ပတ်သက်ပြီး

ဟိတဓရဆရာတော်(မဟာမြိုင်ကျောင်း)-၀၉၄၉၂၄၄၂၄၁
ဦးဝိဇ္ဖာနန္ဒ(မြစေတီစာသင်တိုက်)-၀၉၄၂၂၅၂၇၀၂၃
ဦးနရိန္ဒ(ကျောက်ဆည်)မြစေတီစာသင်တိုက်-၀၉၄၉၈၀၀၈၃၀
ဦးပဏ္ဍတ(ရွှေပရိယတ္တိစာသင်တိုက်)-၀၉၇၃၇၆၀၂၁၄
ဦးပညာသာမိ(ဆင်ဖြူစာသင်တိုက်)-၀၉၇၃၇၉၀၃၂၂
ဦးဥတ္တမ(စိန်မမပါဋ္ဌိတက္ကသိုလ်စာသင်တိုက်)-၀၉၄၂၅၃၁၆၁၉၅

အယ်ဟဂ်ျ ဆရာဦးအုန်းသောင်း-၀၅၇ ၃၀၄၆၅/၀၉-၄၉၂၃၆၇၈၆
ပြည်နယ်အစ္စလာမ်ကောင်စီ ဥက္ကဌ ဦးစိုးလွင်-၀၅၇-၂၆၃၃၈
မွန်ပြည်နယ်(မအဖ)ဥက္ကဌ ဟာဂျီဦးတင်ဦး-၀၉၇၃၀၄၃၂၈၂
မွန်ပြည်နယ်(မအဖ)အတွင်းရေးမှူးဦးခင်မောင်မြင့်(တရားလွှတ်တော်ရှေ့နေ)-၀၉၈၇၀၀၇၄၉
ဦးစိုးပိုင်(မော်လ၀ီများအဖွဲ့)တွဲဖက်အတွင်းရေးမှူး-၀၉၄၉၈၀၀၇၃၀
ပြည်နယ်(မမလ)အဖွဲ့ ဥက္ကဌ ဦးတင်အောင် -၀၉၈၇၀၁၄၅၆
ပြည်နယ်(မမလ)အဖွဲ့ အတွင်းရေးမှူးဦးဘ၀င်း-၀၉၄၂၅၃၂၉၁၁၈
ဟာဂျီဦးမောင်အေးငွေဇင်ယော်မြို့မိ/မြို့ဖ-၀၉၄၄၉၂၄၉၃၂၀
ဦးစိန်တင်-၀၉၈၇၀၁၉၄၄
ဦးတင်ဦး-၀၉၇၃၀၄၃၂၈၂ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။

No comments:

Post a Comment