Saturday, March 30, 2013

ပဲခူးတိုင်းဒေသကြိးအတွင်း ဆူပူအကြမ်းဖက်မှုများ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လာခြင်းဖြစ်ဟုဆို

ရန်ကုန်။ ။ မတ် ၂၈
မြန်မာသံတော်ဆင့်ဂျာနယ်

လတ်တလော ပဲခူးတိုင်းဒေသကြီးတွင် ဖြစ်ပွားလျက်ရှိသော ဆူပူအကြမ်းဖက်မှုများနှင့်ပတ်သက်၍ ပြည်မ ဘက်မှ လှုံဆော်မှုများ မိတ္ထီလာ မြို့တွင် ဖြစ်ပွားခဲ့မှုများကြောင့် မဟုတ်ဘဲ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ဆောင် ရွက်ခြင်းများကြောင့် ယခုကဲသို့ အကြမ်းဖက်မှုများဖြစ်ပေါ်နေရခြင်းဖြစ်ကြောင်း  နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဥိးက ပြောသည်။

ပဲခူးမှာဖြစ်တာတွေက ဒီဘက်ကကူးတာမဟုတ်ဘူး။ ဟိုဘက်က ၀င်လာတာ။ ရခိုင်ဘက်ကနေ ၀င်လာတာ။ မော်လမြိုင် ဘက်ကနေ ပြီးတော့ ရခိုင်ဘက်ကို သွားတရားဟောတဲ့ ၉၆၉ အဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေက ၀င်လာပြီးတော့ ပြည်မှာ ၀င်တွေ့တယ်။ ပြည်က လက်မခံဘူး။ လက်မခံတဲ့အခါမှာ ကားနဲ့ဆင်းသွားတဲ့အခါ တောက်လျှောက်အဲ့ဒီ့မြို့တွေမှ တွေ့တွေ့သွားတာပေါ့။

ရခိုင်ဘက်ကကျတော့လည်း သူတို့ချည်းဘဲဖြစ်နေလို့ ဘယ်လိုမှကိုယ်ချင်းစာမှာမဟုတ်ဘူး။ ဒီဘက်မှာဖြစ် မှ ကိုယ်ချင်းစာမယ်ဆိုတဲ့ စိတ်တွေရှိတယ်။ ဒါကြောင့် ပြန်သွားတဲ့အဖွဲ့တွေက လုပ်တယ်လို့ထင်တာပဲ။ မိတ္ထီလာဘက်ကြောင့်ဖြစ်တာမဟုတ်ဘူး။ မိတ္ထီလာဘက်ကို အကြောင်းပြုပြီး အဲဒီအဖွဲ့တွေက အော်သွား တာပေါ့။ တချို့လည်းလာနေတယ်လို့ကြားတယ်" ဟုပြောသည်။

ယခုအကြမ်းဖက်မှုများနှင့်ပတ်သက်၍ဝေဖန်သုံးသပ်မှုအမျိုးမျိုးရှိနေပြီး နောက်ကွယ်မှသွေးထိုးလှုံ့ဆော်သူများကိုလည်း ဥပဒေအရ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း အစိုးရက တရားဝင်သတင်း ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်မှုများမှာ အုတ်ဖိုမြို့နယ်တွင် မတ်လ ၂၅ ရက်နေ့မှစတင်၍ ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း ကြို့ပင်ကောက်၊ မင်းလှ၊ ဇီးကုန်း၊ နတ်တလင်း၊ လက်ပံတန်းမြို့နယ်များသို့မတ်လ ၂၈ ရက်နေ့ အထိပျံ့နှံ့ဖြစ်ပွားလျက်ရှိသည်။ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားသော မင်းလှ နှင့် လက်ပံတန်း အကြမ်းဖက်မှုများတွင် ထိန်းသိမ်းမရတော့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရာဘာ ကျည်ဆန် အသုံးပြု၍ ပစ်ခတ်နှိမ်နင်းမှုများပင်ပြုလုပ်ခဲ့ရသည်။ယင်းပစ်ခတ်နှိမ်နင်းမှုများကြောင့် မင်းလှမြို့နယ်တွင် ဆူပူအကြမ်းဖက်သူများအနက် ဒဏ်ရာရရှိသူများပင် ရှိခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

No comments:

Post a Comment